အရာတော်မြို့နယ် စပါးတွင်းပျူစောထီးကျေးရွာအား Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်

အရာတော်မြို့နယ် စပါးတွင်းပျူစောထီးကျေးရွာအား Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ် စပါးတွင်းပျူစောထီးကျေးရွာအား PDF ပူးပေါင်းတပ်ဖွဲ့များမှ Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

စပါးတွင်းပျူစောထီးကျေးရွာအား ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၅) ရက်နေ့တွင် PDF ပူးပေါင်းတပ်ဖွဲ့မှ Rocket (၈)လုံးဖြင့် သွားရောက်ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ပြီး (၂)လုံးမှာ ရွာလည်သို့ကျရောက်ပေါက်ကွဲခဲ့ကာ (၁)လုံးမှာ စစ်ကောင်စီနှင့် ပျူစောထီးများ ကင်းပုန်းဝပ်လေ့ရှိသည့်နေရာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့မှ ဆိုသည်။

ကျန်ရှိသည့် Rocket များအနက် တစ်လုံးမှာ အနောက်ဘက်တောအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် (၃) လုံးမှာ ချို့ယွင်းခဲ့သဖြင့် ဦးတည်ရာသို့ ရောက်ရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

Rocket Campaign တွင် ပါဝင်ခဲ့သည့် ပြည်သူများ၏ထောက်ပို့မှုကို အကျိုးရှိစွာ အသုံးချခဲ့ခြင်းဖြစ်ပြီး ၊ စစ်သားနှင့် ပျူစောထီးများ ထိခိုက်မှုကို ဆက်လက်စုံစမ်းနေကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို အရာတော်မြို့နယ် ပ.က.ဖ၏ ဦးဆောင်မှုနှင့်အတူ သပြေညိုပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency