ထားဝယ်မြို့နယ် ဘုရားမဲစစ်ကောင်စီစစ်ဆေးရေးဂိတ် နှစ်ရက်ဆက် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ထားဝယ်မြို့နယ် ဘုရားမဲစစ်ကောင်စီစစ်ဆေးရေးဂိတ် နှစ်ရက်ဆက် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ ဘုရားမဲစစ်ဆေးရေးဂိတ်အား စနိုက်ပါဖြင့် နှစ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) မှ ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထားဝယ်မြို့နယ် ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ ဘုရားမဲစစ်ဆေးရေးဂိတ်အား သြဂုတ်လ (၁၉)ရက်နေ့နှင့် (၂၀)ရက်နေ့ ညနေ (၅) နာရီဝန်းကျင်တို့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး သေဆုံးခဲ့သည်ဟု အတည်ပြုနိုင်ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တနိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နေသည့်အတွက် ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ရေးသတိပြု သွားလာနေထိုင်ကြရန် ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

#TachileikNewsAgency