ယုဇနဥယျာဥ်မြို့တော်တွင် တက္ကစီယာဉ်မောင်းကို ဓားဖြင့်ထိုးကာ ဖုန်းနှင့် ပိုက်ဆံအိတ်လုယူ

ယုဇနဥယျာဥ်မြို့တော်တွင် တက္ကစီယာဉ်မောင်းကို ဓားဖြင့်ထိုးကာ ဖုန်းနှင့် ပိုက်ဆံအိတ်လုယူ

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဥ်မြို့တော်တွင် ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၆)ရက်နေ့ နေ့လယ်ပိုင်းက တက္ကစီယာဉ်မောင်းတစ်ဦးအား လူ(၂)ဦးက ဓားဖြင့်ထိုးကာ ဖုန်းနှင့် ပိုက်ဆံအိတ်အား လုယူသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယုဇနဥယျာဉ်မြို့တော် ကျွန်းရွှေဝါလမ်း မြသီတာပန်းခြံရှေ့တွင် အသက်(၆၀)ဝန်းကျင် တက္ကစီယာဉ်မောင်းအား ကားငှားစီးသည့် လူငယ်ခရီးသည်(၂)ဦးက ဓားဖြင့်ထိုးကာ ဖုန်းနှင့် ပိုက်ဆံအိတ်အား ယူဆောင်သွားခြင်းဖြစ်‌ကြောင်း သိရသည်။

ယာဉ်မောင်းမှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ရပြီး ရွှေသန်လျှင်လူမှုကူညီရေးအသင်းက သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency