လက်နက်နှင့်အတူ CDM ဝင်လာသည့် အာဏာသိမ်းတပ်သားက ရရှိသည့် ချီးမြှင့်ငွေထဲမှ PDF အတွက်ကျပ်(၁၀)သိန်း ပြန်လည်လှူဒါန်း

Photo: Karenni Generation Z
Photo: Karenni Generation Z
လက်နက်နှင့်အတူ CDM ဝင်လာသည့် အာဏာသိမ်းတပ်သားက ရရှိသည့် ချီးမြှင့်ငွေထဲမှ PDF အတွက်ကျပ်(၁၀)သိန်း ပြန်လည်လှူဒါန်း
နိုဝင်ဘာ 10, 2021 | အခြားဒေသများ

လက်နက်နှင့်အတူ CDM ဝင်လာသည့် အာဏာသိမ်းတပ်မှ တပ်သားတစ်ဦးက ချီးမြှင့်ငွေရရှိသည့် ကျပ်သိန်း (၃၀)ထဲက ကျပ် (၁၀) သိန်းကို PDF အတွက် ပြန်လည်လှူဒါန်းကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့လက်အောက်မှထွက်၍ ပြည်သူနှင့်အတူရပ်တည်၍ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၆) ရက်နေ့တွင် လက်နက်နှင့်အတူ CDM ဝင်လာသည့် အာဏာသိမ်းတပ်သားတစ်ဦးကို Karenni Generation Z Army (KGZ Army)က ချီးမြှင့်ငွေ ကျပ်သိန်း (၃၀)ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ပြည်သူများလက်မခံသည့် အာဏာသိမ်းမှုအပြီးတွင် အာဏာသိမ်းအဖွဲ့လက်အောက်ရှိ စစ်တပ်နှင့် ရဲတပ်ဖွဲ့များမှနေ၍  ပြည်သူ့နှင့်အတူရပ်တည်ကာ CDM လုပ်လာသူအများအပြားရှိလာပြီး ဒေသအလိုက် ပြည်သူ့တော်လှန်ရေးအင်အားစုများ၊ CDM စစ်သား၊ ရဲတပ်ဖွဲ့ဝင်များက ကြိုဆိုလက်ခံမှုများ လုပ်နေကြသည်ကို တွေ့နေရခြင်းဖြစ်သည်။



ဆက်စပ်သတင်း

လက်နက်နှင့်အတူ CDM ဝင်လာသည့် အာဏာသိမ်းတပ်သားတစ်ဦးကို Karenni Generation Z Army (KGZ Army)က ကျပ်သိန်း ၃၀ ချီးမြှင့်