ကလေးမြို့နယ်၊ မှန်တောရွာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်

Photo: CDF - KKG
Photo: CDF - KKG
ကလေးမြို့နယ်၊ မှန်တောရွာသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်
ဖေဖော်ဝါရီ 23, 2022 | အခြားဒေသများ



စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မှန်တောရွာသို့ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်းစီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ယနေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDF - KKG က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာရွာနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတီရွာတို့၌တပ်စွဲထားသည့် အာဏာသိမ်း စစ်ကောင်စီတပ်များနှင့် လက်အောက်ခံ ပျူစောထီးအင်အား (၇၀)ဝန်းကျင်တို့သည် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ထိုးစစ်ဆင်လာရာ CDF - KKG၊ CDF - Thantlang၊ PDF - Kalay ၊ RKDF၊ ပကဖ ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တောလမ်းမှတစ်ဆင့် မှန်တောရွာအနောက်ဖက်မှ ရွာတွင်းသို့ ဝင်ရောက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲ  (၂)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပြီး  CDF - KKG တပ်ဖွဲ့ဝင်များ၏  တိုက်မိုင်းများနှင့် ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်မှုများကြောင့် အာဏာသိမ်းစစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။

ယင်းအပြင် ကလေးမြို့နယ်၊ ရန်ကြီးအောင်ကျေးရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ဖေဖော်ဝါရီ (၂၃)ရက်နေ့တွင် သံဖိုကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူများ၏ နေအိမ်၊ ဆန်စက်၊  ဆိုင်ကယ်တို့ကို မီးရှို့ဖျက်ဆီးသွားရာ CDF-KKG တပ်ရင်း (၃) ရဲဘော်များနှင့် ဒေသခံပြည်သူများ၏ ကြိုးစားငြိမ်းသတ်မှုကြောင့် ဆန်စက်မီးကို ငြိမ်းသတ်နိုင်ခဲ့သော် လည်း နေအိမ်(၂)လုံးနှင့် ဆိုင်ကယ်တစ်စီး မီးလောင်ပြာကျသွားကြောင်း သိရသည်။