မြ၀တီမြို့ရှိ စစ်တပ်၏ နောက်ဆုံးလက်ကျန်တပ်ရင်းဖြစ်သည့် ခလရ ၂၇၅ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ၂၀၂၄ခုနှစ် ဧပြီလ (၁၀)ရက်နေ့ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြဝတီအမှတ်(၂) တံတားတွင် ပုန်းရှောင်လျှက်ရှိကြောင်း KNUက ယနေ့ ဧပြီလ (၁၁)ရက်နေ့ နေ့လယ်ပိုင်းတွင် ထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အမှတ်(၂)တံတားမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ခိုလှုံခွင့်ရရှိရန် ညှိနှိုင်းလျှက်ရှိသော်လည်း ယနေ့ နေ့လယ်ပိုင်းအထိ ထိုင်းနိုင်ငံသို့ ဝင်ရောက်နိုင်ခြင်း မရှိသေးဘဲ ပိတ်မိနေကြောင်းသိရသည်။
မြဝတီမြို့ရှိ တပ်စခန်းများအားလုံးကို လက်လွှတ်ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီတပ်များအနေဖြင့် အရပ်သားပြည်သူလူထုများနေထိုင်ရာ နေရာဒေသများအတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အချိန်မရွေးပြုလုပ်လာနိုင်သည့်အတွက် ပြည်သူလူထုများအနေဖြင့် သတိဖြင့် ဘေးကင်းလုံခြုံရာနေရာများတွင် နေထိုင်ကြရန်လည်း KNUက သတိပေးထားသည်။
#TachileikNewsAgency
Photo: KNU