ထွေအုပ်နှစ်ပတ်လည် ကျင်းပနေသည့် မင်္ဂလာဒုံမြို့နယ်ထွေအုပ်ရုံး စက်သေနတ်ဖြင့် အတွဲလိုက်ပစ်ခံရ

ထွေအုပ်နှစ်ပတ်လည် ကျင်းပနေသည့် မင်္ဂလာဒုံမြို့နယ်ထွေအုပ်ရုံး စက်သေနတ်ဖြင့် အတွဲလိုက်ပစ်ခံရ
နိုဝင်ဘာ 7, 2021 | အခြားဒေသများ

 ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအား ယ‌နေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင်အချိန်က စက်သေနတ်ဖြင့် အတွဲလိုက် ပစ်ခတ်သွားရာ၍ အစောင့် စစ်သားများ ဒဏ်ရာရရှိသွားပြီး ဈေးသည်တစ်ဦး သေဆုံးသည်ဟု   သိရသည်။

ယနေ့ နိုဝင်ဘာလ(၇)ရက်နေ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၃)နှစ်ပြည့် နှစ်ပတ်လည်ဖြစ်သည့်အတွက် နှစ်ပတ်လည် အခမ်းအနား ပြုလုပ်နေစဉ် စက်သေနတ်ဖြင့် အတွဲလိုက် ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

အမည်မသိအဖွဲ့၏ ပစ်ခတ်မှုကြောင့် အစောင့်စစ်သား(၃)ဦးမှာ ဒဏ်ရာများရရှိသွားပြီး အနီးရှိ ဈေးသည်တစ်ဦး သေဆုံးသော်လည်း ထွေအုပ်ဝန်ထမ်းများမှ တစ်ဦးမှ ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။ 

သေဆုံးသူနှင့်ပတ်သက်၍ ရုံးရှေ့ရှိ ဈေးသည်တစ်ဦးဖြစ်သည်ဟုသိရသော်လည်း Tachileik News Agency အနေဖြင့်  သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

မင်္ဂလာဒုံမြို့နယ်သည် အာဏာသိမ်းစစ်တပ်အများအပြားဝန်းရံထားသည့် မြို့ဖြစ်သည်။