ပုသိမ်ကြီးမြို့နယ် ကျောက်မီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဗမာ့ဇာမဏီအဖွဲ့ သေနတ်ဖြင့် ပစ်ခတ်၊ အာဏာသိမ်းစစ်တပ်၏ တပ်ကြပ်ကြီး နှင့် အုပ်ချုပ်ရေးမှူးတို့ ဒဏ်ရာရသွား

ပုသိမ်ကြီးမြို့နယ် ကျောက်မီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဗမာ့ဇာမဏီအဖွဲ့ သေနတ်ဖြင့် ပစ်ခတ်၊ အာဏာသိမ်းစစ်တပ်၏ တပ်ကြပ်ကြီး နှင့် အုပ်ချုပ်ရေးမှူးတို့ ဒဏ်ရာရသွား
နိုဝင်ဘာ 30, 2021 | အခြားဒေသများ

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ကျောက်မီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့ နေ့လယ်ပိုင်းက ပစ်ခတ်မှုမှာ ဗမာ့ဇာမဏီအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။



ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးအား နေ့လယ် (၁၁)နာရီဝန်းကျင်က သေနတ်ဖြင့် (၁၀) ချက်ဝန်းကျင် ပစ်ခတ်မှုအတွင်း အဆိုပါရုံးတွင် လုံခြုံရေးယူထားသည့် အာဏာသိမ်းစစ်တပ်၏ ပင်မခဲယမ်းမီးကျောက်တပ်(တောင်တွင်းကြီး)မှ တပ်ကြပ်ကြီးတစ်ဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ဒဏ်ရာအသီးသီးရသွားကြသည်ဟု သိရသည်။

ဒဏ်ရာရသူနှစ်ဦးလုံး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု သိရပြီး ဗမာ့ဇာမဏီအဖွဲ့၏ မြို့ပြပြောက်ကျားအဖွဲ့မှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။