ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးတစ်ဦးဒဏ်ရာရ

ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကလေးတစ်ဦးဒဏ်ရာရ

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ (၆)နှစ်အရွယ်ကလေးငယ်တစ်ဦး ဒဏ်ရာရကြောင်း အမှတ်(၁)စစ်ဒေသထံမှ သိရသည်။ 

၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇီးဝန်းအမြောက်တပ် (၃၁၄)တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

လက်နက်ကြီးကြောင့် (၂)တန်းကျောင်းသား မောင်ဝင်းကို အသက်(၆)နှစ်၏ ပေါင်တွင်အစထိမှန်ဒဏ် ရာရရှိခဲ့ပြီး နေအိမ်ပျက်စီးသွားသည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်သည် ပြည်သူများနေထိုင်ရာကျေးရွာများအား မီးရှို့ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများနှင့် လေကြောင်းမှတိုက်ခိုက်ခြင်းများကို နေ့စဉ်ကျူးလွန်နေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo:တောင်ပိုင်းစစ်ဒေသ