အမေရိကန်ခရစ်ယာန်အဖွဲ့က မြန်မာငလျင်ဘေးကူညီရန် ကယ်ဆယ်ရေးနှင့် ဆေးပညာရှင်အဖွဲ့ စေလွှတ်

အမေရိကန်ခရစ်ယာန်အဖွဲ့က မြန်မာငလျင်ဘေးကူညီရန် ကယ်ဆယ်ရေးနှင့် ဆေးပညာရှင်အဖွဲ့ စေလွှတ်

အမေရိကန်နိုင်ငံရှိ ခရစ်ယာန်အဖွဲ့တစ်ခုဖြစ်သည့်  (Samaritan Purse) က မြန်မာ့ငလျင်ဘေး ကယ်ဆယ်ရေးအတွက် ဆေးပညာရှင်အဖွဲ့နှင့် ဆေးရုံသုံးပစ္စည်းများနှင့်အတူ ၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် စေလွှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးပညာရှင်အဖွဲ့က ငလျင်ဘေးဒဏ်သင့်ဒေသအတွက် ခွဲစိပ်ခန်း နှစ်ခန်းပါ ယာယီဆေးရုံတစ်ခု တည်ဆောက်၍ ကုသမှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း  တရားဟောဆရာ ဖရန်ကလင်းဂရေဟန်က လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။

အဖွဲ့ဝင် (၈၀)မှ (၁၀၀)အထိ ပါဝင်သည့် အဆိုပါ ကယ်ဆယ်ရေးအဖွဲ့တွင် ဆရာဝန်၊ သူနာပြု၊ ကယ်ဆယ်ရေးသမား၊ သောက်ရေဆိုင်ရာကျွမ်းကျင်ပညာရှင်များ ပါဝင်ပြီး‌ ဆေးရုံသုံးပစ္စည်း၊ အရေးပေါ်အသုံးအဆောင်များကိုလည်း ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန် ခရစ်ယာန် (Samaritan Purse) အဖွဲ့သည် ပါတီမရွေး၊ အသားအရောင် ဘာသာ မခွဲခြားဘဲ ဒုက္ခရောက်သူတိုင်းကို ကူညီမည့်အဖွဲ့ဖြစ်သည်ဟု မြန်မာခရစ်ယာန်လူငယ်များအဖွဲ့က သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အမေရိကန် Samaritan Purse အဖွဲ့သည် မြန်မာပြည်သူများနှင့်အတူ နှစ်ပေါင်း (၃၀)ဝန်းကျင် လက်တွဲလုပ်ကိုင်ဖူးသည့် အတွေ့အကြုံရှိသည်ဟု သိရသည်။