ဖူးခက်တွင် မြန်မာ နှင့် ထိုင်း (၆၉)ဦး ပါဝင်သည့် ကြက်တိုက်လောင်းကစားဝိုင်းကို ရဲဝင်ဖမ်း
ထိုင်းနိုင်ငံ ဖူးခက်တွင် ကြက်တိုက်လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံသား (၃၀)ဦးနှင့် ထိုင်းနိုင်ငံသား (၃၉)ဦးကို ဖမ်းမိကြောင်း သိရသည်။
အနီးဝန်းကျင်မှ တိုင်ကြားမှုကြောင့် ရဲတပ်ဖွဲ့က ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့ နေ့လယ် (၂)နာရီတွင် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကြက်တိုက်လောင်းကစားဝိုင်းရှိသည်ဟု သတင်းရသည့် အဆောက်အဦရှေ့တွင် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်တစ်စီး ရပ်တန့်ထားသည်ကို တွေ့ရပြီး ရဲတပ်ဖွဲ့ဝင်များ အဆောက်အဦထဲ ဝင်သွားချိန်တွင် ကြက်တိုက်နေကြသည်ကို တွေ့ရပြီး အချို့က အဆောက်အဦးအမိုးပေါ် တက်ပြေးသွားခဲ့ကြကြောင်း သိရသည်။
လောင်းကစားဝိုင်းအတွင်း တွေ့ရှိသူများကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးပြီး ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။