မြန်မာနိုင်ငံအတွက် ပေးအပ်ရန် စီစဉ်ထားသည့် ဒေါ်လာ (၄၅) သန်းဖိုးရှိ ပညာသင်ဆုများကို  ဖျက်သိမ်းလိုက်ကြောင်း အီလွန်မက်စ်  ဦးဆောင်သည့် DOGE က ကြေညာ

မြန်မာနိုင်ငံအတွက် ပေးအပ်ရန် စီစဉ်ထားသည့် ဒေါ်လာ (၄၅) သန်းဖိုးရှိ ပညာသင်ဆုများကို  ဖျက်သိမ်းလိုက်ကြောင်း အီလွန်မက်စ်  ဦးဆောင်သည့် DOGE က ကြေညာ

 ဒေါ်နယ်ထရမ့် အစိုးရက USAID အစီအစဉ်ဖြင့် ကမ္ဘာတဝန်းသို့ ပေးအပ်နေသော အမေရိကန် အကူအညီများကို ရပ်ဆိုင်းထားမှုများ လုပ်ဆောင်လျက်ရှိပြီး ယခုအခါ မြန်မာနိုင်ငံအတွက် ပေးအပ်မည့် စုစုပြောင်း အသုံးပြုခွင့် ငွေ ဒေါ်လာ(၄၅)သန်းတန်ဖိုးရှိ ပညာသင်ဆုများကိုလည်း ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

USAID အစီအစဉ်အရ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကနေ ပေးအပ်ရန် စီစဉ်ထားပြီး ဒေါ်လာ (၄၅) သန်းအထိ အသုံးပြုဖွင့် ပြုထားသည့်  DEI scholarships in Burma ပညာသင်ဆု အစီအစဉ်များကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ထရမ့်လက်ထက်တွင် အသစ်ဖွဲ့စည်းလိုက်သော Department of Government Efficiency (DOGE) ၏ X ဆိုရှယ်မီဒီယာတွင် ၂၀၂၅ခုနှစ် စက်တင်ဘာလ(၂၉)ရက်နေ့က ဖော်ပြထားသည်။

အစိုးရဌာနများ၏ လုပ်ကိုင်ဆောင်ရွက်မှုများ ထိရောက်မှု အခြေအနေကို စောင့်ကြည့်အကဲဖြတ်ရန် DOGE ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး  ဘီလျံနာ အီလွန်မက်စ်က ဦးဆောင်ခြင်း ဖြစ်သည်။

USAID က ပြည်ပအကူအညီများအတွက် အခွန်ထမ်းများ၏ ‌ဒေါ်လာ (၄၀) ဘီလီယီကျော်ကို သုံးစွဲခဲ့ကြောင်းလည်း DOGE က X ပို့စ်တွင် ပြောထားသည်။ 

ထရမ့်က အမေရိကန်နိုင်ငံခြားရေး မူဝါဒနှင့် ကိုက်ညီမှုနှင့် ထိရောက်မှုများကို အကဲဖြတ်နေစဥ် ပြည်ပဖွံ့ဖြိုးရေး အကူအညီများကို ရက် (၉၀) ကြာ ရပ်ဆိုင်းထားရန် ညွှန်ကြားထားသည်။ 

ထရမ့်အစိုးရက USAID ၏ အကြီးတန်း အရာရှိ (၆၀) ခန့်ကိုလည်း ရာထူးကနေ ရပ်စဲခဲ့ကြောင်း သိရသည်။