မန်စီမြို့နယ်အတွင်း အူလန်ပါနယ်မြေတွင် စစ်ကောင်စီတပ်ကို KIA က မိုင်းဆွဲတိုက်ခိုက်

မန်စီမြို့နယ်အတွင်း အူလန်ပါနယ်မြေတွင် စစ်ကောင်စီတပ်ကို KIA က မိုင်းဆွဲတိုက်ခိုက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ အူလန်ပါ(Ulang Pa)နယ်မြေတွင်  မတ်လ(၂၆)ရက်နေ့ နံနက်ပိုင်းက စစ်လက်နက်နှင့် ရိက္ခာသယ်ဆောင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို KIA မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

KIA တပ်၏ အမှတ်(၃)တပ်မဟာ၊ အမှတ်(၂၇)တပ်ရင်း နယ်မြေ Ulang Pa နယ်မြေအတွင်း စစ်ကောင်စီတပ် ခလရ(၁၂၁)တပ်နှင့် တပ်မ (၈၈) လက်အောက်ခံတပ်တို့က ဟန်ထက်မှ စစ်လက်နက် ရိက္ခာတင်ဆောင်ကာ KIA တပ်ရှိရာသို့ ဝင်ရောက်လာသဖြင့်KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် KIA အမှတ်(၂၇)တပ် ရင်းနယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုရှိနေသဖြင့်  မကြာခဏ တိုက်ပွဲဖြစ်‌ပွား လျှက်ရှိကြောင်း သိရသည်။

မတ်လ(၂၃)ရက်နေ့ကလည်း KIA အမှတ်(၈)တပ်မဟာ၊ အမှတ် (၅)တပ်ရင်းနယ်မြေကို စစ်ကြောင်းထိုးစစ်ကောင်စီတပ်နှင့်  KIA နှင့် KPDF ပူးပေါင်းတပ်တို့ မင်းကျောင်းကုန်း၌ မိုင်းဆွဲ တိုက် ခိုက်ခဲ့သေးသည်။

ဒါ့အပြင် မတ်လ(၂၃)ရက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ် က လိုင်ဇာမြို့သို့ ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံး တရုတ်နိုင်ငံ Na Bang ရွာအတွင်းသို့ ကျရောက်ခဲ့သေးကြောင်း သိရသည်။

#TachileikNewsAgency