ချောင်းဦးတွင် စစ်ကောင်စီတပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရ

ချောင်းဦးတွင် စစ်ကောင်စီတပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မုံရွာ-မန္တလေး လမ်းမ နှင့် ချောင်းဦး-ပခုက္ကူ လမ်းမကြီး လမ်းဆုံတွင် အထိုင်ချတပ်စွဲရန် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့များအား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CHU PDF) ထံမှ သိရသည်။

ချောင်းဦးမြို့နယ် မုံရွာ-မန္တလေး လမ်းမ နှင့် ချောင်းဦး-ပခုက္ကူ လမ်းမကြီး လမ်းဆုံတွင် အထိုင်ချတပ်စွဲရန် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့များအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက် (၉)နာရီခွဲခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်း (၂)စီးဖြင့် ဗုံးသီး (၃)လုံး ပစ်ချ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့ (၄)၊ Special Force 11 LPDF ၊ GTR MMU နှင့် Special ဒိတ်ဒိတ်ကြဲ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:CHU PDF