ရေစကြို ကျောက်လှေခါး စစ်ဆေးရေးဂိတ်ကို PDF တပ်များ ဝင်ပစ်

ရေစကြို ကျောက်လှေခါး စစ်ဆေးရေးဂိတ်ကို PDF တပ်များ ဝင်ပစ်
စက်တင်ဘာ 12, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ကျောက်လှေခါး စစ်ဆေးရေးဂိတ်စခန်းကို ဒေသကာကွယ်ရေးတပ်က ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၈)ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂိတ်စခန်းအား ဒေသကာကွယ်ရေးတပ်ဘက်က RPGဖြင့် ပစ်ခတ်ခဲ့ရာ ဂိတ်စခန်းသို့ ဗုံးသီးကျရောက်ခဲ့သော်လည်း မပေါက်ကွဲခဲ့ဟု ဆိုသည်။

ပစ်ခတ်မှုကြောင့် ဂိတ်အတွင်းမှ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ထွက်လာပြီး PDFရဲဘော်များ ရှိရာနေရာသို့ (၄၀)မမအပြင် လက်နက်ငယ်များဖြင့် ပစ်ခတ်၍ ချဉ်းကပ်လာခဲ့ရာ ဒေသကာကွယ်ရေးတပ်များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ပစ်ခတ်မှုအတွင်း ပျူစောထီး(၂)ဦး သေဆုံးကြောင်း Southern YSO PDFက ယနေ့ စက်တင်ဘာလ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency