ပြည်သူများအား ပျူစောထီးအဖွဲ့ထဲ ၀င်ရောက်ရန်နှင့် မ၀င်ပါက စစ်မှုထမ်းဆောင်ရမည်ဟု ခြိမ်းခြောက်သည့် မီးကောက်ပင်ရွာ ပျူစောထီးခေါင်းဆောင်အား PDF ရဲမေများက ၎င်း၏ နေအိမ်သို့ သွားရောက်ပစ်ခတ်ရာ သေဆုံးသွားသည်ဟု သိရသည်။
ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် မီးကောက်ပင်အုပ်စု မီးကောက်ပင်ရွာတွင် နေထိုင်သည့် အုပ်ချုပ်ရေးမှူး ကိုဦး ၊ သိန်းအောင်နှင့် ပျူစောထီးခေါင်းဆောင် အရပ်ဆေးဆရာ မြင့်ထွေး စုစုပေါင်း သုံးဦးတို့အား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့ ညနေ (၃)နာရီတွင် ပဲခူးရိုးမအခြေပြု တပ်ခွဲ BTZM GBK PDF တပ်ဖွဲ့ အမျိုးသမီးတပ်စု PDF ရဲမေများက ၀င်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးစဉ် အုပ်ချုပ်ရေးမှူး သိန်းအောင်နှင့် ပူးတွဲအုပ်ချုပ်ရေးမှူး ကိုဦးတို့သည် ထွက်ပြေးလွတ်မြောက်သွားပြီး ၊ ပျူစောထီးခေါင်းဆောင် မြင့်ထွေး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“သူတို့က တရွာထဲသားတွေပါ။ ရဲမေတွေ နှစ်ဖွဲ့ခွဲ တနေရာခြင်း ၀င်ဖမ်းဆီးကြတာ။ ရွာက အရှေ့အနောက် ဆုံဝင်ရတဲ့အခါ ရွာထဲက ပြည်သူတွေ အုပ်အုပ်ကြွပ်ကြွပ်ဖြစ်တော့ အဲ့မှာ လွတ်သွားတာ။”ဟု BTZM GBK PDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။
အုပ်ချုပ်ရေးမှူး ကိုဦးနှင့် သိန်းအောင်တို့သည် စစ်မှုထမ်းကြေး အဓမ္မကောက်ခံခြင်း ၊ ပျူခေါင်းဆောင် ဆေးဆရာ မြင့်ထွေးသည် စစ်မှုထမ်းကြေးမပေးလိုပါက ပျူစောထီးထဲသို့ ၀င်ရောက်ရန်နှင့် မ၀င်ရောက်ပါက စစ်မှုထမ်းခေါ်ဆောင်ခြင်းခံရမည်ဟု သုံးယောက်ပေါင်း လုပ်ဆောင်လျှက်ရှိကြောင်း BTZM GBK PDF အဖွဲ့က ထုတ်ပြန်ထားသည်။
#TachileikNewsAgency
#TNA_LE