စဉ့်ကူးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ပိတ်မိနေသော တရုတ်နိုင်ငံသား(၁၅)ဦးအား မန္တလေး PDF က နေရပ်ပြန်ခွင့်ပြု

စဉ့်ကူးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ပိတ်မိနေသော တရုတ်နိုင်ငံသား(၁၅)ဦးအား မန္တလေး PDF က နေရပ်ပြန်ခွင့်ပြု

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ပိတ်မိနေသော တရုတ်နိုင်ငံသား(၁၅)ဦးအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က တွေ့ဆုံစစ်ဆေးပြီးနောက် ၎င်းတို့သဘောဆန္ဒအရ နေရပ်ပြန်ခွင့်ပြုလိုက်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား(၁၅)ဦးအား ၂၀၂၄ ခုနှစ် ဩဂုတ်လ (၄)ရက်နေ့တွင် မန္တလေး PDF ထိန်းချုပ်နယ်မြေအဆုံးတစ်နေရာအထိ လုံခြုံစွာ ပို့ဆောင်ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

စဉ့်ကူးမြို့သိမ်းခံရ၍ စစ်ကောင်စီတပ်သည် ဩဂုတ်လ(၄)ရက်နေ့က တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ ပိတ်ပင်ထားသော အတွဲလိုက်ဗုံးသီး (Cluster Bombs)များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကလေးများအပါအဝင် ပြည်သူ(၁၃)ဦးသေ ဆုံးခဲ့သည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ရှုံး စစ်ကောင်စီ အနေဖြင့် ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းသည် စစ်တပ်တစ်တပ်အနေဖြင့် ဂုဏ်သိက္ခာအကင်းမဲ့ဆုံး လုပ်ရပ်ဖြစ်ပြီး ကြီးမားသော စစ်ရာဇဝတ်မှုပင် ဖြစ် သည်ဟု မန္တလေး PDF က ထုတ်ပြန်ထားသည်။



Photo:  မန္တလေး PDF