စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရဲကင်းစခန်းတစ်ခု ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့ ည (၁၀) နာရီ မိနစ် (၅၀) အချိန်တွင် မီးလောင်သွားပြီး မီးငြိမ်းမည့်သူမရှိဘဲ ပြာကျသွားကြောင်း သိရသည်။
လူသူနေထိုင်ခြင်း မရှိတော့သည့် ရဲကင်းစခန်း မီးလောင်သွားခြင်းဖြစ်ပြီး မီးလောင်ရသည့်အကြောင်းရင်းကို မသိရကြောင်း သိရသည်။
ညပိုင်းအချိန်တွင် မီးတောက်များတက်လာ၍ ဒေသခံများက မီးလောင်ရာကို ထွက်ကြည့်ပြီးနောက် ရဲကင်းစခန်းကို လောင်ကျွမ်းနေသည်ကို တွေ့ရသဖြင့် မိမိတို့နေအိမ်များသို့ ပြန်လာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းပြီးကတည်းက အာဏာသိမ်းစစ်တပ်နှင့်အတူ ပြည်သူများအပေါ် အကြမ်းဖက်ညှင်းပန်းနှိပ်စက်မှုများ လုပ်လာသည့် ရဲတပ်ဖွဲ့အား ပြည်သူများက ယခင်ထက်ရှောင်ရှားလာကြခြင်းဖြစ်သည်။