ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၅၄/၀)တွင် ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းက ခရီးသည်တင်ယာဉ် တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကာ (၂)ဦး သေဆုံးပြီး (၁၂)ဦး ဒဏ်ရာရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
YUTONG အမျိုးအစား ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်ပေါ်ပါ ခရီးသည် (၂၈)ဦးအနက် အမျိုးသား(၈)ဦးနှင့် အမျိုးသမီး(၄)ဦး ဒဏ်ရာရပြီး အမျိုးသမီး(၂)ဦး သေဆုံးသွားသဖြင့် အရေးပေါ်ကူညီမှုအသင်းယာဉ်ဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
#TachileikNewsAgency
Photo: Myanmar Fire Services Department