မြင်းခြံမြို့တွင် ငွေကြေးကောက်နေသည့် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များ မိုင်းခွဲ ခံရ

မြင်းခြံမြို့တွင် ငွေကြေးကောက်နေသည့် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များ မိုင်းခွဲ ခံရ

 မန္တလေးတိုင်း မြင်းခြံမြို့တွင်  Myingyan Black Tiger (MBT)က ငွေကြေးကောက်နေသော စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များကို  မိုင်းခွဲတိုက်ခိုက်လိုက်ကြောင်း သိရသည်။ 

အမှတ်(၂၀)ရပ်ကွက် ချောင်းဒေါင်းလမ်းဆုံတွင် နေ့စဥ် ငွေကြေးကောက်နေသော အမှတ် (၂)ရဲစခန်းမှ ရဲတပ်သား (၅)ဦးကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၁) ရက် နံနက်ပိုင်းတွင်  Myingyan Black Tiger (MBT)တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်သည်ဟု သိရသည်။



တိုက်ခိုက်မှုကြောင့် ရဲတပ်သားတစ်ဦး သေဆုံးပြီး (၂) ဦးဒဏ်ရာရရှိသည်ဟုလည်း ဆိုသည်။ 

"ကျွန်တော်တို့ မိုင်းခွဲတာ တကယ် (၅)ကောင်လုံး သေရမှာ လမ်းတဖက်တချက်မှာ တဖက်က ပြည်သူ တအားများလို့ တစ်ဖက်တည်းပဲ ခွဲလိုက်တာ။ (၃) ကောင်ရှိတဲ့ဖက်ကို ခွဲလိုက်တာ။"ဟု Myingyan Black Tiger (MBT)တပ်ဖွဲ့မှ တာဝန်ရှိသူ ဗိုလ်မိုက် ခဲက Tachileik News Agency ကို ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်းများ၊ စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်ဝန်ထမ်းများရှိသည့် နေရာများတွင် အနားယူခြင်းနှင့် နီးကပ်စွာသွားလာခြင်းမပြုရန်လည်း မေတ္တာရပ်ခံထားသည်။