ဆီဆိုင်မြို့နယ်တွင် သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများ၌ အရာရှိများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦး သေဆုံး

ဆီဆိုင်မြို့နယ်တွင် သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများ၌ အရာရှိများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများ၌ အရာရှိများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦး သေဆုံးကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်သည်။

ဧပြီလ ၁၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အမတ ၅၀၇ တပ်နှင့် ခမရ ၅၀၉တပ်မှ ဗိုလ်ကြီး ဝေလင်းမောင်၊ ဗိုလ် အောင်ကျော်ထွန်း၊ ဒုတပ်ကြပ် အောင်မျိုးထွန်းအပါအဝင် တပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ဧပြီလ ၁၄ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက်မှ အရာရှိ ၁၁ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ အောင်ပန်း ကုတင် ၇၀၀ ဆေးရုံတွင် သေဆုံးသွားခဲ့သည်ဟု PNLA၏ ထုတ်ပြန်ချက်အရ သိရသည်။

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီမှ လက်နက်ကြီးများ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များအပါအဝင် ဒေသခံများ ထိခိုက်သေဆုံးနေပြီး ပအိုဝ်းလူမျိုးတို့ အထွဋ်အမြတ်ထားသည့် ဘာသာရေးအဆောက်အဦးများကိုလည်း စစ်ကောင်စီက ပစ်မှတ်ထား ဖျက်ဆီးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency