ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် အုန်းဖန်တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့က ပွဲတော်အတွင်း ဗုံးပစ်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ အကြမ်းဖက်လုပ်ရန်ကို ကန့်ကွက်ရှုတ်ချကြောင်းနှင့် အမှုမှန်ဖေါ်ထုတ်ရေးလုပ်ငန်းစဉ်တွင် ထိုင်းအစိုးရ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်သဘောထားရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် သဘောထားထုတ်ပြန်သည်။
အဆိုပါပေါက်ကွဲမှုအတွင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများ၏ မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်ကြေကွဲရသည်ဟု KNU က သဘောထားထုတ်ပြန်ကြေညာထားသည်။
မြန်မာ- ထိုင်းနယ်စပ် အုန်းဖန်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် Doi Loi Fa ပွဲတော်အတွင်း ဒီဇင်ဘာလ (၁၃)ရက်နေ့ညက လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့သဖြင့် (၃)ဦးသေဆုံးပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရခဲ့ကြခြင်းဖြစ်သည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ သံသယရှိသူလူငယ် (၂)ဦးကို နောက်တစ်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။
ယင်းလူငယ်(၂)ဦးအနက် တစ်ဦးမှာ ထိုင်းနိုင်ငံသားဖြစ်ပြီး ကျန်လူငယ်တစ်ဦးမှာ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလက မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံရမှု မှတ်တမ်းရှိခဲ့သည့် KNU တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ထိုင်းရဲဌာနက သတင်းထုတ်ပြန်သည်ဟု ထိုင်းသတင်းဌာန Khaosod သတင်းတွင် ဖေါ်ပြသည်။
တပ်ဖွဲ့ဝင်ဖြစ်သည်ဆိုသော အဆိုပါ ဖေါ်ပြချက်နှင့်ပတ်သက်၍ KNU ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားခြင်းမရှိပါ။
ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် နိုဝင်ဘာလ (၁၅)ရကနေ့က လွိုင်ကထုန်ပွဲတော်အတွင်း လူငယ်အုပ်စုတစ်စုနှင့် အငြင်းပွားရန်ဖြစ်မှုခဲ့မှုအတွင်း မကျေနပ်မှုကို လက်စားချေသည့်အနေဖြင့် KNU အဖွဲ့ဝင်လူငယ်က လက်လုပ်ဗုံးကို ပွဲတော်သို့လာစဉ် အိတ်တွင်းထည့်၍ယူဆောင်လာခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။
အုန်းဖန် ပွဲတော်အတွင်း ဗုံးပစ်တိုက်ခိုက်မှုကို KNU က ကန့်ကွက်ရှုတ်ချပြီး အမှုမှန်ပေါ်ရေး ပူးပေါင်းဆောင်ရွက်မည်
Featured News
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 3, 2025
ဒီဇင်ဘာ 26, 2024
ဒီဇင်ဘာ 26, 2024