အင်အားလာဖြည့်ရန်လာသည့် စစ်ကောင်စီတပ်၏ ယာဉ်တန်း မတူပီ - မင်းတပ်လမ်းတွင်း ကြားဖြတ်တိုက်ခိုက်ခံရ၍ (၁၆)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

 အင်အားလာဖြည့်ရန်လာသည့် စစ်ကောင်စီတပ်၏ ယာဉ်တန်း မတူပီ - မင်းတပ်လမ်းတွင်း ကြားဖြတ်တိုက်ခိုက်ခံရ၍ (၁၆)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

 ချင်းပြည်နယ်အတွင်း အင်အားဖြည့်ရန် လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်များကို မတူပီ-မင်းတပ်လမ်းတွင် CDF မတူပီက ကြားဖြတ်တိုက်ခိုက်ရာမှ   စစ်ကောင်စီတပ်သား (၁၆)ဦးသေကာ အများအပြားဒဏ်ရာရကြောင်း CDF မတူပီက ယနေ့ မတ်လ(၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မတ်လ(၃၀)ရက်နေ့က ကျောက်ထုမြို့မှ မတူပီမြို့သို့ အင်အားဖြည့်ရန် လာသည့် အာဏာသိမ်းစစ်ကောင်စီယာဉ်တန်းကို ကြိုရန် မတူပီ အ‌ခြေစိုက် ခလရ(၃၀၄)မှ အင်အား(၈၀)ဝန်းကျင်ဖြင့်လာစဉ် မတူပီ-မင်းတပ်လမ်း လည်မျိုချောင်းဆုံအနီးတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မတ်လ(၃၁)ရက်နေ့ နံနက်(၇)နာရီဝန်းကျင်တွင် အဆိုပါအာဏာသိမ်းစစ်ကောင်စီ စစ်ကြောင်းနှင့် CDF မတူပီတို့  မတူပီ-မင်းတပ်လမ်းပေါ်ရှိ ချန်းပြန်းရွာသစ်နှင့် ချန်ပြန်းရွာဟောင်းကြားတွင် တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွါသွားကြကာ နံနက်(၉)နာရီတွင် ထပ်မံထိုးစစ်ဆင်လာ၍ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မတူပီအခြေစိုက်စစ်ဗျူဟာတပ်ရင်းမှ ပြည်သူပိုင် ကျောက်သယ်ကားများကို သိမ်းယူကာ အင်အားအလုံးအရင်းဖြည့် တင်းနေကြောင်း CDF မတူပီက ထုတ်ပြန်သည်။

#TachileikNewsAgency