KNDO တပ်ရင်း ၃ နှင့် စစ်ကောင်စီတပ်တို့ ၆ လအတွင်း တိုက်ပွဲ ၉၆ ကြိမ်ဖြစ်

KNDO တပ်ရင်း ၃ နှင့် စစ်ကောင်စီတပ်တို့ ၆ လအတွင်း တိုက်ပွဲ ၉၆ ကြိမ်ဖြစ်

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၃)နှင့် စစ်ကောင်စီတပ်များ (၆)လအတွင်း တိုက်ပွဲပေါင်း (၉၆)ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ (၂၇၃)ဦး သေဆုံးသည်ဟု KNU က ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ခလယ်လွီထူခရိုင်အတွင်းရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း(၃) နယ်မြေဖြစ်သော နတ်သံကွင်း−ကျောက်ကြီး−မူသယ်မှ−တပ်မဟာ(၅)နယ်စပ်အထိ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ဇွန်လ (၃၀)ရက်နေ့အထိ ခြောက်လအတွင်း KNDO တပ်ရင်း (၃)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း (၉၆)ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ စစ်သုံးကား (၃)စီးနှင့် ဆိုင်ကယ် (၇)စီးတို့ ပျက်စီးပြီး ၎င်းတို့ထံမှ MA-1 (၁)လက်၊ MA ကျည် (၁၂၀၀) တောင့်၊ M-14 (၅)လုံး၊ 60 MM (၆)လုံးနှင့် မြင်း (၃)ကောင်ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)မှ တပ်ဖွဲ့ဝင် (၄)ဦးကျဆုံးပြီး (၁၇)ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

#TachileikNewsAgency

Photo: 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻