ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်ရှိ အခွန်ဦးစီးမှူးရုံးတွင် ယနေ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့၊ နေ့လည်(၁၂)နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပြီး အခွန်ဒုဦးစီးမှူးတစ်ဦးအပါ (၆)ဦးဒဏ်ရာရကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်၊ (၄)ရပ်ကွက်၊ ပန်းဆိုးတန်းလမ်းရှိ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး(၃)၊ (၃)လွှာရှိ ကုမ္ပဏီများဆိုင်ရာ အခွန်ဌာနအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ဒဏ်ရာရသူတွေကို ဆေးရုံခေါ်သွားပြီ။ အတွင်းပိုင်း ပျက်စီးသွားတာတော့ တွေ့ရတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ဒဏ်ရာရသူ(၆ )ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရပြီး ဒဏ်ရာရသူ(၅)ဦးမှာ အခွန်ဦးစီးမှူးရုံး ဝန်ထမ်းများ ဟုတ်၊ မဟုတ်ကိုမူ အတည်မပြုနိုင်ခြင်း မရှိသေးပါ။
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားများရောက်ရှိလာကာ လမ်းပိတ်ဆို့စစ်ဆေးနေပြီး ပေါက်ကွဲမှုသည် မည်သည့်ပေါက်ကွဲမှုဆိုသည်ကို မသိရသေးပေ။
#TachileikNewsAgency
Photo : CJ
ကျောက်တံတားမြို့နယ်ရှိ အခွန်ဦးစီးမှူးရုံး ပေါက်ကွဲမှုဖြစ်
Featured News
ဧပြီ 1, 2025
ဧပြီ 1, 2025
မတ် 31, 2025