ရေးမြို့နယ်အတွင်း အရပ်ဝတ်ဖြင့် သွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရပြီး ရိက္ခာနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ရေးမြို့နယ်အတွင်း အရပ်ဝတ်ဖြင့် သွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရပြီး ရိက္ခာနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း အရပ်ဝတ်ဖြင့် သွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရပြီး ရိက္ခာနှင့်လက်နက်ခဲယမ်းများ သိမ်းဆီးရမိကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရသည်။

ရေးမြို့နယ် ကွမ်ကျိုက်နှင့် မြို့ဟောင်းအကြား သြဂုတ်လ (၁၀)ရက်နေ့ နေ့လယ် (၁)နာရီခန့်တွင် တောင်ညိုစစ်ကြောင်းနှင့် မွန်ပြည်သစ်ပါတီ (AD) တို့ ပူးပေါင်းနယ်မြေရှင်းလင်းစဉ် အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး ဆိုင်ကယ်စီးလာသည်ကို တားဆီးစစ်ဆေးရာ မရပ်ဘဲ ထွက်ပြေးသဖြင့် ပစ်ခတ်၍ ဖမ်းဆီးရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်မှုရှိခဲ့ပြီး ၎င်းတို့နှင့်အတူပါလာသည့် ၄၀ မမ (၂၀)လုံး ၊ ရိက္ခာ ငါးခြောက် အထုပ် (၆၀) သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ညိုစစ်ကြောင်းက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ (၈)ရက်နေ့ကလည်း ရေးမြို့နယ် မြို့ဟောင်းကျေးရွာအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်  တောင်ညိုစစ်ကြောင်းပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကာ တောင်ညိုစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency