ဒီးမော့ဆို ဒေါစဲရွာကို အာဏာသိမ်းတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ လူနေအိမ်အချို့ ထိခိုက်ပျက်စီး

Photo: KNDF B09 
Photo: KNDF B09 
ဒီးမော့ဆို ဒေါစဲရွာကို အာဏာသိမ်းတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ လူနေအိမ်အချို့ ထိခိုက်ပျက်စီး

ဒီးမော့ဆို ဒေါစဲရွာကို အာဏာသိမ်းတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ လူနေအိမ်အချို့ ထိခိုက်ပျက်စီးကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင် ဒေါစဲရွာကို အာဏာသိမ်းစစ်တပ်က ၂၀၂၂ ခုနှစ် ဧပြီလ (၃) ရက်နေ့ နံနက်ပိုင်းကစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း Karenni Nationalities Defense Force KNDF B09 ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အရပ်သား နေအိမ်အချို့ လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပြီး ကျေးရွာအတွင်း မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် ကျန်ရှိမှုများလည်း ရှိနေကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က ကရင်နီ(ကယား)ပြည်နယ်တွင်း ဧပြီလ (၁) ရက်နေ့က စတင်ပြီး သန်းခေါင်ကျော်အချိန်တိုင်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်နေသည်ဟု သိရသည်။

ဒီးမော့ဆိုမြို့နယ် ကွိုင်ငံကျေးရွာတွင် ဧပြီလ (၁) ရက်နေ့က လက်နက်ကြီး ပစ်ခတ်မှုအတွင်း အသက် (၄၀)ကျော်ရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။