ရခိုင်ပြည်နယ်နှင့် ထိစပ်သည့် မကွေးတိုင်း၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်း နယ်စပ်တလျှောက်တွင်   စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ တပ်စခန်းများကို တခုပြီး တခု သိမ်းပိုက်ထားရှိ

ရခိုင်ပြည်နယ်နှင့် ထိစပ်သည့် မကွေးတိုင်း၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်း နယ်စပ်တလျှောက်တွင်   စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများ နေ့စဉ် ပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ တပ်စခန်းများကို တခုပြီး တခု သိမ်းပိုက်ထားရှိ

ရခိုင်ပြည်နယ်နှင့် ထိစပ်သည့် မကွေးတိုင်း၊ ပဲခူးတိုင်း နှင့် ဧရာဝတီတိုင်း နယ်စပ်တလျှောက်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားကာ ပြင်းထန်နေပြီး နောက်ဆုံးတွင် စစ်ကောင်စီတပ်၏ စစ်ခန်းများ တခုပြီးတခုကို AA ထံ ထိုးအပ်လာရသည့် အခြေအနေဖြစ်နေပြီ ဖြစ်ကြောင်းသိရသည်။

ရခိုင်ရိုးမတောင်တန်းတစ်လျှောက် စစ်ကောင်စီ၏ လက်ကျန်စခန်းများကို ထိုးစစ်ဆင်ကာ တိုက်ခိုက်သိမ်းပိုက်နေသည့် အာရက္ခတပ်တော်(AA)အား ပဲခူးတိုင်းဘက်ကနေ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှုများ လုပ်ဆောင်လာသည့်အတွင် ပဲခူး - ရခိုင် နယ်စပ်တလျှောက်နှင့် ရခိုင်ရိုးမတောင်တန်းထက်တွင် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေကြောင်း AA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်လာသည်။



ရခိုင်ပြည်နယ် တောင်ကုန်မြို့နယ်အတွင်း ရခိုင်ရိုးမတောင်တန်းထက်ရှိ စစ်ကောင်စီတပ်၏ မိုးထိတောင်စခန်းကို AA သည် ဇန်နဝါရီလ(၂၁)ရက်နေ့ကစပြီး ထိုးစစ်ဆင် တိုက်ခိုက်ရာ ဇန်နဝါရီလ(၂၆)ရက်နေ့တွင် အပြီးသတ် သိမ်းပိုင်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။



ဧရာဝတီတိုင်း နှင့် ရခိုင်ပြည်နယ် နယ်စပ် ဧရာဝတီတိုင်းအတွင်း AA မှ ဇန်နဝါရီလ(၂၆)ရက်နေ့ နေ့လည်ပိုင်းက အပြီးသတ် သိမ်းပိုက်ထားသည့် စစ်ကောင်စီ၏ ပွိုင့် (၂၆၄)စခန်းအား စစ်ကောင်စီတပ်က လေကြောင်း နှင့် လက်နက်ကြီး ပစ်ကူများနှင့်အတူ ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အတွက် တိုင်ပွဲများ ပြင်းထန်နေလျှက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

  ပွိုင့် (၂၆၄)စခန်းအပြင် ပွိုင့် (၃၆၉)စခန်းကိုလည်း သိမ်းပိုက်ထားရှိကြောင်း သိရသည်။



မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်စီးရိုးကျေးရွာအနီး အမ်း-ပဒါန်း ကားလမ်းမထက်၌    ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့တွင် စစ်ကောင်စီ၏ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉)၊ (၁၄)တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနှင့် အာရက္ခတပ်တော်တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သည် ဂုတ်စီးရိုးကျေးရွာဘက်သို့ ဆုတ်ခွာသွားရပြီး ဆုတ်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်အား လိုက်လံရှင်းလင်းရာ စစ် ကောင်စီတပ်သားအလောင်းနှင့် လက်နက်ခဲယမ်းအချိုကို သိမ်းဆည်းရရှိသည်ဟု သိသည်။ 

တိုက်ပွဲများအတွင်း အလံဖြူထောင်ကာ လက်နက်ချ အညံ့ခံကြရန် AA က အသိပေးထားပြီး အညံ့ခံပါက အသက်ချမ်းသာရာရမည်ဟု အသိပေးထားသော်လည်း လက်နက်ချ အညံ့ခံခြင်းမရှိဘဲ ထွက်ပြေးကြသည့် စစ်ကောင်စီတပ်သားများကိုတော့ လိုက်လံရှင်းလင်း တိုက်ခိုက်မှုများ လုပ်ဆောင်လျှက်ရှိကြောင်းလည်း သိရသည်။

 

Photo: AA