ပခုက္ကူမြို့နယ် ရှင်မကန်ပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ရာ သုံ့ပန်းတစ်ဦးဖမ်းမိကာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

ပခုက္ကူမြို့နယ် ရှင်မကန်ပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ရာ သုံ့ပန်းတစ်ဦးဖမ်းမိကာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

မကွေးတိုင်း ပခုက္ကူမြို့နယ် ဖလံအိုကျေးရွာအုပ်စု ရှင်မကန်ပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ရာ သုံ့ပန်းတစ်ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း People’s Democratic Army–PDA အဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် ဇွန်လ (၂၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဖလံအိုအုပ်စု ရှင်မကန်ပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ယနေ့ ဇွန်လ (၂၅) ရက်နေ့ နံနက် ငါးနာရီခွဲခန့်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲချိန် (၁) နာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး သုံ့ပန်းတစ်ဦး ဖမ်းဆီးရရှိခဲ့ကာ ပျူစောထီးများထံမှ ကာဘိုင်အမျိုးအစား သေနတ် ၄ လက်၊ ဘီအေ (63) အမျိုးအစား သေနတ် ၁ လက် ၊ လက်လုပ်သေနတ် ၁ လက် ၊ ကာဘိုင်သေနတ်ပြောင်း ၂ ပြောင်း ၊ လက်ပစ်ဗုံး ၂ လုံး၊ လမ်းလျှောက်စကားပြောစက် ၁ လုံး နှင့် ခဲယမ်းကျည်မျိုးစုံ ၅၀၀ ဝန်းကျင်ခန့် သိမ်းဆည်းရမိကြောင်း သိရသည်။

ပျူရွာစစ်စခန်းကို စီးနင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဧရာဒေါင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ABSDF အမှတ် ၃ စစ်ကြောင်း၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)၊ ဒေသခံ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင် ပကဖ၊ ဓါးမင်းကြီး တပ်ဖွဲ့၊ MCKC PDF၊King Fighter(SGF)၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)၊ PDF Kanma တပ်ပေါင်းစု၊ Pauk Basic on Revolution Force (ဗိုလ်တစ္ဆအဖွဲ့)၊ Pauk ပကဖ Drone Team၊7 star(မြိုင် ပကဖ)၊ ဗိုလ်စနေ အဖွဲ့၊ Red Giant နဂါးနီ နှင့် ကမ္မတော်လှန်ရေးတပ်ဦး KMRF တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency

Photo: People's Democratic Army - PDA