တရုတ် - မြန်မာ နယ်စပ်ရှိ လွယ်ဂျယ်မြို့ကို KIA ထိန်းချုပ်ထားလိုက်ပြီး စစ်ကောင်စီတပ်သားများ တရုတ်ဘက် ထွက်ပြေး

  Photo: CJ
  Photo: CJ
တရုတ် - မြန်မာ နယ်စပ်ရှိ လွယ်ဂျယ်မြို့ကို KIA ထိန်းချုပ်ထားလိုက်ပြီး စစ်ကောင်စီတပ်သားများ တရုတ်ဘက် ထွက်ပြေး

 မြန်မာ - တရုတ်နယ်စပ်ဒေသအတွင်း ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်က ယနေ့ ၂၀၂၄ ခုနှစ် မတ်လ(၂၉)ရက်နေ့တွင် ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်သားများနှင့် ဝန်ထမ်းများ တရုတ်နိုင်ငံဘက် ထွက်ပြေးရန်ကြိုးစားနေကြောင်း KIA နှင့်နီးစပ်သူများထံမှ သိရသည်။

လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီတပ်၏ အမှတ်(၁၄၂)ခြေလျင်တပ်ရင်းထိုင်သည့် အပေါ်စေတီကုန်းတပ်စခန်း(ဒေသအခေါ် မဒါဘွမ်)မှ စစ်ကောင်စီတပ်သားများ မတ်လ (၂၅)ရက်နေ့က စခန်းစွန့်ခွာသွားခြင်းနှင့် တပ်စခန်းများကို KIA က တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းကြောင့် စစ်ကောင်စီတပ်သားများ တရုတ်နိုင်ငံဘက် ထွက်ပြေးရန်ကြိုးစားနေခြင်း ဖြစ်သည်ဟု သိရသည်။

စစ်ရှုံး စစ်ကောင်စီတပ်သားများ တရုတ်နိုင်ငံဘက် ပြေးရန် တရုတ်၏ ခွင့်ပြုချက် စောင့်နေစဉ်

"လွယ်ဂျယ်မြို့ကို အရင်ကတည်းက ထိန်းချုပ်ပြီးသားပါ။ အုပ်ချုပ်တာ၊ အခွန်ကောက်တာအစပေါ့။ စကစရဲ့ အမိန့်ထက် KIO အုပ်ချုပ်ရေးအမိန့်ကို မြို့ခံတွေပိုပြီး နာခံကြပါတယ်။ အခုတော့ မူပိုင်သိမ်းရုံပဲကျန်တယ်။"ဟု KIA နှင့် နီးစပ်သူတစ်ဦးက Tachileik News Agency ကို  မတ်လ(၂၉)ရက်နေ့တွင် ပြောသည်။

စစ်ရှုံး စစ်ကောင်စီတပ်သားများ တရုတ်နိုင်ငံဘက် ပြေးရန် တရုတ်၏ ခွင့်ပြုချက် စောင့်နေစဉ်

လွယ်ဂျယ်မြို့ကို KIA က ဝိုင်းထားသဖြင့် စစ်ကောင်စီတပ်က မပစ်ရန်၊ ထွက်သွားခွင့်ပြုရန်တောင်းဆိုကာ ထွက်ပြေးကြခြင်းကြောင့် လွယ်ဂျယ်မြို့သည် KIA က ပထမဆုံးထိန်းချုပ်နိုင်သည့် မြို့ဖြစ်လာကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများသည် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုရန် တရုတ်နယ်စပ်ဂိတ်၌ ညှိနှိုင်းနေသည်ဟုလည်း KIA နှင့်နီးစပ်သူများထံမှ သိရသည်။