လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များ ထပ်မံသိမ်းယူ

လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များ ထပ်မံသိမ်းယူ
ဇူလိုင် 29, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ ဆက်သွယ်ရေးတပ်ရင်း အမှတ်(၇၀၀၅) သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ အမှတ်(၂၄၂) စစ်လက်နက်တပ်ခွဲနှင့် တပ်မတော်ဂေါက်ကွင်းတို့ရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း BPLA ထံမှ သိရသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ ပါဝင်သော မဟာမိတ်တပ်ပေါင်းစုတို့က အဆိုပါ တပ်စခန်းများကို ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့နှင့် (၂၉)ရက်နေ့တို့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

#TachileikNewsAgency

Photo: BPLA