မုံရွာမြို့နယ် မုံရွေးတိုးဂိတ်အနီး တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ 

မုံရွာမြို့နယ် မုံရွေးတိုးဂိတ်အနီး တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ 

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွေးတိုးဂိတ်အနီး ညအိပ်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ကြောင်း မုံရွာခရိုင်အမှတ် (၁၁)တပ်ရင်း People's Defence Force - South Monywa အဖွဲ့ထံမှ သိရသည်။

ချောင်းဦး မြပုလဲစစ်ဆေးရေးဂိတ်မှထွက်လာပြီး မုံရွေးတိုးဂိတ်အနီး ညအိပ်တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲမှ စစ်သား (၂)ဦးသည် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အသင့်ပြင်ထားသည့် မိုင်းပွိုင့်ပေါ်သို့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့ မနက် (၆) နာရီခန့်၌ ကင်းပုန်းလာဝပ်ချိန်တွင် ပဒေသာမိုင်း (၂) လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုသည် တိကျစွာထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး သေဆုံးခဲ့သည်ဟု မြေပြင်သတင်းများအရ ပြန်လည်ကြားသိရကြောင်း People's Defence Force - South Monywa အဖွဲ့မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People's Defence Force - South Monywa ၊ Youth Vigor Revolution Force နှင့် Black Hunter People's Task Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency