ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်များ မိုင်းခွဲတိုက်ခိုက်

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်များ မိုင်းခွဲတိုက်ခိုက်
အောက်တိုဘာ 2, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့ပေါ်သို့ တက်လာသော စစ်ကောင်စီကား(၁၇)စီးပါ ယာဉ်တန်းကို ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့ ညနေပိုင်းတွင် မိုင်း(၁၀)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း One Star Task Forceတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်း၍ ယနေ့ညနေပိုင်းတွင် ပေါင်းဝကျေးရွာမှတစ်ဆင့် ဆားလင်းကြီးမြို့နယ်ဘက်သို့ ကား(၁၇)စီးဖြင့် တက်လာခြင်းဖြစ်ကြောင်း သိရသည်။

၎င်းယာဉ်တန်းကို One Star Task Force၊ သေမင်းတမန်ပြောက်ကျားတပ်ဖွဲ့နှင့် ရွှေညီကိုပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ကားတစ်စီး မိုင်းထိမှန်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိနိုင်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာလ (၁၂)ရက်နေ့က ချင်းတွင်းမြစ်အတိုင်း မင်းဒေါင့်ဆိပ်ကမ်းမှတစ်ဆင့် စုန်ဆင်းလာခြင်းဖြစ်ကာ စက်တင်ဘာလ (၂၉)ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်တွင်း တစ်နေရာအရောက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် အပြန်အ လှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

#TachileikNewsAgency