ရှမ်းပြည်နယ်အတွင်း မြို့နယ်ပေါင်း (၅၅)မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သည့် (၆)မြို့နယ်မှအပ ကျန်မြို့နယ်ပေါင်း (၄၉)မြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာကို USDP က (၁၅)နေရာ အများဆုံးရရှိပြီး NLD က (၁၄)နေရာအဖြစ် ဒုတိယအများဆုံး ရရှိကာ SNLD က (၁၃)နေရာအဖြစ် တတိယအများဆုံး ရရှိထားသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) က ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် (၇)နေရာ နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် (၆)နေရာ စုစုပေါင်း (၁၃)နေရာ ရရှိခြင်း ဖြစ်သည်။
အနည်းဆုံးအနေဖြင့် ပြည်သူ့လွှတ်တော်နေရာအား တအာင်း(ပလောင်)အမျိုးသားပါတီ (TNP) က ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် (၃)နေရာ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)က ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် (၃)နေရာ နှင့် 'ဝ'အမျိုးသားပါတီ(WNP) က ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် (၁)နေရာ အနိုင်ရရှိခဲ့ကြသည်။
အဆိုပါ အနိုင်ရရှိမှုသည့် မဲရလဒ်များ၏ အနိုင်ရရှိမှုများဖြစ်ပြီး အငြင်းပွားဖွယ်များရှိပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အတည်ပြုချက်တာ အတည်ဖြစ်မည်။