ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီဒေသအတွင်းရှိ ရေဘေးသင့် စစ်ရှောင်ပြည်သူများအား ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ်တော်မှ ရိက္ခာနှင့် ဆေးဝါးများ သွားရောက်မျှဝေကူညီ

ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီဒေသအတွင်းရှိ ရေဘေးသင့် စစ်ရှောင်ပြည်သူများအား ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ်တော်မှ ရိက္ခာနှင့် ဆေးဝါးများ သွားရောက်မျှဝေကူညီ

ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီဒေသအတွင်းရှိ ရေဘေးသင့် ၊ စစ်ရှောင်ပြည်သူများအား ပြည်သူများ၏ ထောက်ပံမှုနှင့်အတူ ရိက္ခာနှင့် ဆေးဝါးများ သွားရောက်မျှဝေကူညီပေးကြောင်း ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ်တော် အမှတ် (၁၀၀၅) တပ်ရင်း-SSPDF အဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

Ride Behind Kalaw မှမတည်၍ တော်လှန်မိဘပြည်သူများပေးပို့သော ရေဘေးသင့်၊ စစ်ရှောင်ပြည်သူများထံသို့ ရိက္ခာများ မျှဝေပေးလျက်ရှိပြီး သွားရောက်ခဲ့သည့်နေရာများ တစါခုချင်းကို မဖော်ပြသည့်တိုင် အချို့နေရာများမှာ ရေမကျဘဲတိုးနေသည့် အခြေအနေဖြစ်ကြောင်း ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ်တော်မှ အသိပေးထားသည်။

တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် မြန်မာပြည် နေရာအနှံ့အပြားတွင် ဒေသခံပြည်သူ သိန်းချီ ရေဘေး အန္တရာယ် ကြုံတွေ့ခံစားခဲ့ရပြီး ၊ လက်ရှိအချိန်အထိ ရေဘေးအန္တရာယ် ကြုံတွေခဲ့ရသည့် နေရာများတွင် စားနပ်ရိက္ခာ ၊ ဆေးဝါးနှင့် ပြန်လည်ထူထောင်ရေး အကူအညီများစွာ လိုအပ်လျှက်ရှိကြောင်း သိရသည်။

#TachileikNewsAgency

Photo:1005 Infantry