ရွှေဘိုမြို့မရဲစခန်း နှင့် မြို့နယ်တရားရုံးတို့ကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရွှေဘိုမြို့မရဲစခန်း နှင့် မြို့နယ်တရားရုံးတို့ကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

 စစ်ကိုင်းတိုင်း ရွှေဘိုမြို့ပေါ်ရှိ  မြို့မရဲစခန်း နှင့် မြို့နယ်တရားရုံးတို့အား ဒရုန်းဖြင့်ဗုံးသီး ( ၅ ) လုံး ကြဲချကာ တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း - ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရွှေဘို က ၂၀၂၄ ခုနှစ် မေလ ( ၁၇ ) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရွှေဘိုမြို့မရဲစခန်း နှင့် မြို့နယ်တရားရုံးတို့ကို မေလ ( ၁၆ ) ရက်နေ့ ညနေ သုံးနာရီခွဲခန့်တွင် Multirotor 2 စီး ၊ Fixed Wings 3 စီး တို့ဖြင့် ဗုံးသီး ( ၅ ) လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို တိတိကျကျထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဗိုလ်ကျားရိုင်း - ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရွှေဘိုမှ သတင်းထုတ်ပြန်ထားသည်။

ပစ်ခတ်တိုက်မှုပြီးနောက် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရွှေဘိုဆေးရုံကြီးထဲသို့ လူနာတင်ကားများဖြင့် သယ်ဆောင်သွားကြောင်း ဗိုလ်ကျားရိုင်းအဖွဲ့မှ ဆိုသည်။

တိုက်ခိုက်မှုအတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး Drop For Justice - DFJ မှ Fixed Wings Drone (၁) စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရွှေဘို၊ Project Flight ( Fight for Democracy )ဒရုန်းတပ်ဖွဲ့ ၊ Drop For Justice - DFJ ၊Flying Dragon Force ၊ တာနောယက္ခ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ FFF.NK Drone ၊ ရွှေဘိုအားမာန် မြို့ပြပြောက်ကျား နှင့်  သိင်္ခအားမာန်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

Photo: ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့