နန့်ယားပြည်သူ့စစ်ခေါင်းဆောင် ကို KIA နှင့် PDF တို့က ပစ်ခတ်ရှင်းလင်း

နန့်ယားပြည်သူ့စစ်ခေါင်းဆောင် ကို KIA နှင့် PDF တို့က ပစ်ခတ်ရှင်းလင်း
စက်တင်ဘာ 20, 2022 | အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ နန့်ယားပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦးကို ယနေ့ စက်တင်ဘာလ (၂၀)ရက်နေ့ နံနက်ပိုင်းက KIA နှင့် PDF များက ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း ဖားကန့်မြို့နယ် နန့်ယားကျေးရွာ၌ အာဏာသိမ်း စစ်ကောင်စီတပ်နှင့်ပူးပေါင်း အခြေချတပ်စွဲထားသည့် နန့်ယားပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းထွန်းဦး ကို ၎င်း၏အိမ်ရှေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ပြီး သေနတ်တစ်လက်လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပစ်ခတ် ရှင်းလင်းခဲ့ပြီးနောက် KIA၊ တပ်မဟာ ၉ ၊အမှတ် ၄၄ တပ်ရင်းရှိရာသို့ စစ်ကောင်စီတပ်၏ နန့်ယားစစ်တပ်ကုန်းမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ကာ နန့်ယား ကျေးရွာတွင်းလည်း  သေနတ်ဖောက်၍ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။