ချောက်မြို့နယ် ဆားလယ်ကျေးရွာရှိ ပျူစောထီးများအား တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ကားတစ်စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ချောက်မြို့နယ် ဆားလယ်ကျေးရွာရှိ ပျူစောထီးများအား တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး ကားတစ်စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မကွေးတိုင်း ချောက်မြို့နယ် ဆားလယ်ကျေးရွာရှိ ပျူစောထီးများအား တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး ကားတစ်စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အာဠာဝက မြို့ပြပျောက်ကြားတပ်ဖွဲ့က ၂၀၂၄ခုနှစ် သြဂုတ်လ (၁၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဆားလယ်ကျေးရွာအုပ်စု ဆားလယ်ကျေးရွာရှိ ပျူစောထီးများအား တော်လှန်ရေးအင်အားစုများမှ သြဂုတ်လ (၁၀) ရက်နေ့ နေ့လယ် (၂) နာရီခန့်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး နာရီဝက်ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ပျူစောထီး (၂)ဦး မျက်မြင် ပြင်းထန်ဒဏ်ရာများဖြင့် ထွက်ပြေးသွားခဲ့ပြီး ၊ Carbine (၂)လက် ၊ Honda Civic ကား (၁)စီး ၊ ဆိုင်ကယ် (၂)စီး ၊ Carbine ကျည် (၁၂၀)တောင့် ၊ Carbine ကျည်ဘောက် (၃)ခု ၊ ကပစထုတ် ၁၂ ကျည် (၁၄)တောင့် ၊ KA ကျည်ဘောက် (၂) ခု နှင့် 7.62 ကျည် (၄၀)တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ကဆိုသည်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ ထိခိုက်ကျဆုံးခြင်းမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ Chauk Guerrila Force (C.G.F)၊ မြိုင် ပ.က.ဖ ၊ Bagan Bo Cho၊ Y.R.F ပေါက် ပ.က.ဖ ၊ Chauk Revolution Army (C.R.A)၊ ချောက် ပ.က.ဖ ၊ ပခုက္ကူမြို့နယ် ( ပ.က.ဖ ) နှင့် Kyaukpadaung Special Defense Force တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency