ချင်းပြည်ကာကွယ်ရေးတပ်ဦး(ဒိုင်ရ်) တပ်သားသစ် တစ်ရာကျော် အခြေခံစစ်သင်တန်းဆင်း

ချင်းပြည်ကာကွယ်ရေးတပ်ဦး(ဒိုင်ရ်) တပ်သားသစ် တစ်ရာကျော် အခြေခံစစ်သင်တန်းဆင်း

ချင်းပြည်ကာကွယ်ရေးတပ်ဦး(ဒိုင်ရ်) CDF-Daai တပ်သားသစ် တစ်ရာကျော်သည် ချင်းပြည်နယ် တစ်နေရာတွင် အခြေခံစစ်သင်တန်းကို တက်ရောက်အောင်မြင်ကြောင်း သိရသည်။

တပ်သားသစ်များသည် CDF-Daai၏ အမှတ်စဉ်(၅) အခြေခံစစ်ပညာသင်တန်းတွင် (၂)လကြာတက်ရောက်ခဲ့ကြပြီး ၂၀၁၄ ခုနှစ် မေလ (၁၅) ရက်နေ့တွင် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း CDF-Daaiမှ သတင်းထုတ်ပြန်သည်။

သင်တန်းဆင်းပွဲ အခမ်းအနားကို ဒိုင်ရ်ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ CDF-Daai ၏ ကာကွယ်ရေးအကြီးအကဲများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဒိုင်ရ်ဒေသတွင် မြန်မာပြည်၏ အနောက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်းမြို့နယ်များဖြစ်သည့် ကန်ပက်လက်၊ မင်းတပ်၊ မတူပီနှင့် ပလက်ဝဒေသများပါဝင်ပြီး လူဦးရေ ခြောက်သောင်း ကျော်ခန့်နေထိုင်ကြကြောင်း သိရသည်။

#TachileikNewsAgency

Photo: CDF - Daai