ဂွမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးအပါ ၇ ဦး သေဆုံး

ဂွမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးအပါ ၇ ဦး သေဆုံး

အာရက္ခတပ်တော်(AA)က ဆက်လက်ထိုးစစ်ဆင်နေသည့် ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးနှစ်ဦးအပါ အရပ်သား (၇)ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဂွမြို့နယ် ဂျိုင်ကောက်ရွာကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သား(၇)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရသည်ဟု သိရသည်။  

သေဆုံးသွားသူများမှာ ဂွမြို့နယ်၊ ဂျိုင်ကောက်ရွာမှ မသေးသေး (၉)နှစ်၊ မယွန်းရတီလှိုင် (၁၅)နှစ်၊ ဒေါ်ခင်သက်မူ (၆၀)နှစ်၊ ဦးဆန်းလှိုင်(၆၅)နှစ်၊ ကိုရီချမ်း (၂၈)နှစ်၊ ဦးဘမ်ဒို (၅၄)နှစ်နှင့် ဦးမိုးညိုတို့ဖြစ်သည်ဟု သိရသည်။ 

ဒဏ်ရာသူများမှာ ဂျိုင်ကောက်ရွာမှ မလေးလေးဝါး၊ ဦးတင်ဝင်း၊ မောင်မောင်နိုင်၊ ဦးထွန်းထွန်းနိုင်နှင့် ဦးနုတို့ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် ဂျိုင်ကောက်တံတားကိုလည်း နိုဝင်ဘာလ(၁၄)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးသွားသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ