ငါးဇွန်မြို့နယ် မိုးတောင်ရွာအတွင်း အထိုင်ချရန် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးအင်အားစုများ ဝင်ရောက်တိုက်ခိုက်

ငါးဇွန်မြို့နယ် မိုးတောင်ရွာအတွင်း အထိုင်ချရန် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးအင်အားစုများ ဝင်ရောက်တိုက်ခိုက်

မန္တလေးတိုင်း ငါးဇွန်မြို့နယ် မိုးတောင်ရွာအတွင်း အထိုင်ချရန် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်အား ဝင်ရောက်တိုက်ခိုက်ကြောင်း အမှတ် (၁) စစ်ဒေသ မန္တလေးခရိုင် အမှတ် (၆) တပ်ရင်း NDA MDY အဖွဲ့က ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ငါးဇွန်မြို့နယ် မိုးတောင်ရွာအတွင်း အထိုင်ချရန် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်အား ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့ နံနက် (၉) နာရီဝန်းကျင်တွင် တော်လှန်ရေးအင်အားစုများက စခန်းသိမ်းပိုက်ရန် ကျားထိုးတက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ခဲယမ်းမလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီးနောက် စစ်ကောင်စီမှ လေကြောင်းမှ Mi-35 ဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်း မှားယွင်းပစ်ခတ်ခဲ့ပြီး ထိခိုက်ကျဆုံးမှု များပြားသည်ဟု သိရှိရကြောင်း မန္တလေးခရိုင် အမှတ် (၆) တပ်ရင်းက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား မန္တလေးခရိုင် အမှတ် (၆) တပ်ရင်း ၊ ငါးဇွန်မြို့နယ် ပကဖ ၊ မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း၊ မြင်းခြံခရိုင်၊ အမှတ် (၇) တပ်ရင်း(Zero ပြောက်ကျားတပ်ဖွဲ့)၊ မြင်းခြံခရိုင် အမှတ် (၆) တပ်ရင် ၊ CDSOM မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-Page5 ၊ MGRF ပြောက်ကျားတပ်ဖွဲ့ ၊ SBTS (ဒရုန်းတပ်ဖွဲ့) နှင့် အခြားသော မဟာမိတ်တပ်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: NDA MDY (ပုံဟောင်း)