ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသည့်နေရာများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်းတိုက်ခိုက်

ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသည့်နေရာများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲနေသည့် နေရာများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပုလဲမြို့ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်သည့် စုပေါင်းရုံးနှင့် ရဲစခန်းနေရာ နှစ်ခုလုံးအား ဇူလိုင်လ (၇) ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာမြင့်ချိန် (၃)နာရီခန့်ရှိခဲ့ကာ ပုလဲမြို့အား (၂) နာရီကျော် ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း PLA အဖွဲ့မှ ဆိုသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စစ်ကောင်စီဘန်ကာတချို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ပြည်သူ့စစ်နှစ်ဦးအား ဖမ်းဆီးရမိကာ ၎င်းတို့အား ပုလဲမြို့နယ် ပအဖထံသို့ အပ်နှံခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ အနောက်မြောက်စစ်ဒေသ-အမှတ် (၈၁၅)၊ 

မြန်မာနိူင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)-Column 3 တပ်ရင်း ၁၄ (ချင်းတွင်းဒေသ)၊ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ ဒေါင်းနက်-နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ နှင့် ရပ်ရွာတော်လှန်ရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency