ဂုတ်တွင်းစခန်းကို TNLA ပူးပေါင်းတပ်က သိမ်းရာ လက်နက်ခဲယမ်းများရ

ဂုတ်တွင်းစခန်းကို TNLA ပူးပေါင်းတပ်က သိမ်းရာ လက်နက်ခဲယမ်းများရ
ဇူလိုင် 12, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဒုံးတပ်ရင်း (၆၀၆)မှ ဂုတ်တွင်းစခန်းကို ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား TNLA ပူးပေါင်း DPLA ပူးပေါင်းတပ်ဖွဲ့တို့က ၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက် လိုက်ကြောင်း သိရသည်။

ဂုတ်တွင်းစခန်းအတွင်းမှ လက်နက် (၁၅)လက်၊ RPG7 (၂)လက်၊ ငါးကြင်းမြှီး (၁)လက်၊ 60MM (၂)လက်နှင့် စစ်ကောင်စီ တပ်သားအလောင်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသည့် ဂုတ်တွင်းစခန်းသို့ စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၃)ကြိမ်၊ Mi-35 ဖြင့် (၄)ကြိမ်နှင့် Y-12 ဖြင့် ဗုံး(၆၄)လုံး လာရောက်ပစ်ကူ တိုက်ခိုက်ခဲ့ပြီး ကျောက်မဲ စစ်ကောင်စီ (၅၀၁)စခန်းမှလည်း ဂုတ်ထိပ်သို့ လက်နက်ကြီးဖြင့် (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အလားတူ နောင်ချိုမြို့နယ် နောင်အောရွာအနီးတဝိုက်တွင်  TNLAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မဟာ (၃)စစ်ဒေသ၊ မိုးမိတ်မြို့အတွင်း စစ်ကောင်စီတပ် စကခ-၂၁၊ ခလရ-၂၂၃ နှင့် TNLA၊  PLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။

မိုးကုတ်နှင့် မိုးမိတ်ကြားရှိ စစ်ကောင်စီ (၅)မိုင်တပ်စခန်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်၏ 60 MM (၁)လက်၊ လက်နက် (၇)လက်၊ RPG 7 (၂)လက်နှင့် ခဲယမ်းများစွာ သိမ်းဆည်းရရှိသည်ဟု သိရသည်။

ထို့ပြင် နောင်ချိုမြို့နယ် အုမ္မတီးရွာနှင့် သဲခေါ်ရွာသို့ စစ်ကောင်စီတပ်မှ Mi-35 ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

#TachileikNewsAgency

Photo: PSLF/TNLA News