ဗိုလ်နဂါး၏ BNRA တပ်ထံ KTLA စစ်ဦးစီးချုပ် စောနယ်ဒါးဘိုမြ သဝဏ်လွှာပို့

ဗိုလ်နဂါး၏ BNRA တပ်ထံ KTLA စစ်ဦးစီးချုပ် စောနယ်ဒါးဘိုမြ သဝဏ်လွှာပို့
စက်တင်ဘာ 9, 2024 | 2021 Military Coup| အခြားဒေသများ

ဗိုလ်နဂါး၏ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်ကို ကော်သူးလေတပ်တော် စစ်ဦးစီးချုပ် စောနယ်ဒါးဘိုမြက ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၉)ရက်နေ့တွင် သဝဏ်လွှာပေးပို့ကြောင်း သိရသည်။

သဝဏ်လွှာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အာဏာရှင်တို့၏ ပြည်သူလူထုအပေါ် လက်နက်ဖြင့် မတရားဖိနှိပ်အကြမ်းဖက်မှုများကြောင့် နိုင်ငံတစ်ဝှမ်း၌ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ နေရာအနှံ့ပေါ်ပေါက်လာခဲ့သည်။ 

သက်ဆိုင်ရာနယ်မြေဒေသအလိုက် တော်လှန်ရေးတပ်ဖွဲ့များသည် မိမိတို့၏လူထုနှင့် နယ်မြေကိုကာကွယ်ရန် မွေးဖွားလာကြရာ ယင်းအဖွဲ့များတွင် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) သည်လည်း တစ်ဖွဲ့အပါအဝင်ပင်ဖြစ်ပြီး ပြည်သူလူထုက ဝမ်းမြောက်ဝမ်းသာ အသိအမှတ်ပြုပြီးဖြစ်သည်။ 

စတင်ဖွဲ့စည်းတည်ထောင်သည့်အချိန်မှစ၍ တော်လှန်ရေးကာလတစ်လျှောက် ခက်ခဲကြမ်းတမ်းမှုများကို ကြံ့ကြံ့ခံရင်ဆိုင်ဖြတ်သန်းခဲ့ပြီးဖြစ်ရာ တစ်နှစ်ပြည့်မှသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းပြီးစီးသည်အထိ အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းကြောင်း ဖော်ပြထားသည်။

#TachileikNewsAgency