သပိတ်ကျင်းမြို့နယ် လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းအား တော်လှန်ရေးတပ်ပေါင်းစု သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

သပိတ်ကျင်းမြို့နယ် လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းအား တော်လှန်ရေးတပ်ပေါင်းစု သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ အခြေပြုနေသည့် လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းအား တော်လှန်ရေးတပ်ပေါင်းစုမှ သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အမှတ် (၁) စစ်ဒေသထံမှ သိရသည်။

သပိတ်ကျင်းမြို့နယ်ရှိ တတက-၁၃၊ စခတ-၂၊ သနတ-၁ ထုတ်နုတ်အဖွဲ့ အခြေပြုနေသော လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းအား တော်လှန်ရေးတပ်ပေါင်းစုမှ ၂၀၂၄ခုနှစ် ဩဂုတ်လ (၂၉)ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီထံမှ လက်နက် (၁၃)လက်၊ ကျည် (၂၇၉၆) တောင့်၊ Drone Slayer (၂)လက်၊ ၆၀ မမ ဗုံးသီး (၄၃)လုံး၊ အီနာဂါ (၆)လုံး နှင့် ကျည်အိမ် (၂၂)ခုတို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ပကဖ၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့နှင့် ကန့်ဘလူခရိုင် W-89 တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency