စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းများအား တော်လှန်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ကြောင်း မုံရွာခရိုင် တပ်ရင်း (၁၂) တပ်ခွဲ (၃) လျှပ်စီးတပ်ခွဲထံမှ သိရသည်။
မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ မိုးကာအုပ်၍ ထွက်လာသည့် စစ်ကောင်စီကား (၃)စီးပါ ယာဉ်တန်းအား ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့ နံနက် (၁၁)နာရီခန့်တွင် ကင်းထောက်တပ်ဖွဲ့ဝင်များ၏ သတင်းပေးချက်အရ တော်လှန်ရေးတပ်ဖွဲ့များက ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ယင်းနေ့ ညနေ (၃)နာရီခန့်တွင် မုံရွာ နမခမှ စစ်ကိုင်းဘက်သို့ ထွက်လာသည့် စစ်ကောင်စီ သံချပ်ကာယာဉ် (၁၀)စီးပါ ယာဉ်တန်းအား ကင်းထောက်တပ်ဖွဲ့ဝင်များ၏ သတင်းပေးချက်အရ ဒုတိယအကြိမ် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကားများ ထိခိုက်မှုအား အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း မုံရွာခရိုင် တပ်ရင်း (၁၂) တပ်ခွဲ (၃)လျှပ်စီးတပ်ခွဲက ဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်သားများမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် အနီးပတ်ဝန်းကျင်မှ ပြည်သူ အမျိုးသမီး တစ်ဦး လက်မောင်းကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား မုံရွာခရိုင် တပ်ရင်း (၁၂) တပ်ခွဲ (၃) လျှပ်စီးတပ်ခွဲ ၊ Eleven People Defense Force ၊ Nway Oo Brothers column ၊ ဗိုလ်နိုင် လေပွေမုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်း ၊ တပ်ခွဲ-၃) နှင့် စစ်ကိုင်းခရိုင် တပ်ရင်း (၅) တို့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Video:လျှပ်စီးတပ်ခွဲ