စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူ၍ ထွက်လာသည့် ကြေးနီတင်တွဲကား ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ကြောင်း Brave Heart Army – BHA အဖွဲ့မှ ထုတ်ပြန်သည်။
ဒရုန်းကြားဖြတ်ဟန့်တားသည့် Jammer ကား ၂ စီးပါဝင်သည့် စစ်ကောင်စီ၏ ကြေးနီသယ်ဆောင်သည့် တွဲကား (၁၄)စီးပါ ယာဉ်တန်းကို ၂၀၂၄ခုနှစ် မေလ (၁၃) ရက်နေ့ မနက် (၉)နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များက ယာဥ်တန်း၏ ရှေ့ဆုံးမှ မောင်းနှင်လာသည့် Jammer ကားနှင့် နောက်ဆုံးမှ လိုက်ပါလာသည့် Jammer ကားအား ပဒေသာမိုင်း (၅) လုံးစီဖြင့် စုစုပေါင်းမိုင်း (၁၀)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုအား BRAVE HEART ARMY-BHA ရဲဘော်များမှ ဦးဆောင်ပြီး မုံရွာခရိုင် တပ်ရင်း (၁၀) တပ်ခွဲ ၂၊ CHINDWIN FIGHTER GROUP-CFG၊ မုံရွာခရိုင် တပ်ရင်း (၂၈) တပ်ခွဲ (၁)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
#TachileikNewsAgency
Video: Brave Heart Army - BHA