ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အတွင်း နားမခေါ် ကားဂိတ်အနီးရှိ ရွှေတောင်ကြားသို့ စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့ ညနေ(၆)နာရီတွင် ပေါင်(၅၀၀)ဗုံးကြဲချရာ အရပ်သားတစ်ဦး သေပြီး တစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် ပေါင်(၅၀၀)ဗုံး (၃)လုံး ကြဲချတိုက်ခိုက်ရာ ဆိုင်ကယ်စီးလာသော အရပ်သား
တစ်ဦးကို ဗုံးတိုက်ရိုက်ထိမှန်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦးလည်း ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး လျှပ်စစ်မီးကြိုးများလည်းပျက်စီးခဲ့ကာ မြို့တွင်းနေရာတစ်ချို့ လျှပ်စစ်မီးပြတ်တောက်သွားသည်ဟု သိရသည်။
ယနေ့နံနက်ပိုင်းကလည်း လားရှိုးမြို့အနီးရှိ အီနိုင်း ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၃)ဦး သေဆုံးပြီး (၃)ဦး ဒဏ်ရာရကြောင်း သိရသည်။
#TachileikNewsAgency
Video: Nay Wai Soe