စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ခုဖြစ်သည့် အောင်ဇေယျစစ်ဆင်ရေးတွင်ပါဝင်သည့် တပ်မ (၅၅)မှ တပ်သားသုံးဦး လက်နက်များယူဆောင်၍ အလင်းဝင်ကြောင်း ကျားဖြူစစ်ကြောင်းမှ ယနေ့ ၂၀၂၄ ခုနှစ် မေလ (၁၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အမှတ် ၃၁ ဗျူဟာလက်အောက်ခံ နဂါးဖြူစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းတို့ ပူးပေါင်း၍ ယနေ့တွင် စစ်ကောင်စီတပ်များအား Rocket များဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနိုင်ကြောင်း ကျားဖြူစစ်ကြောင်း၏ ထုတ်ပြန်ချက်အရသိရသည်။
ကျားဖြူစစ်ကြောင်းသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများအများဆုံးပြုလုပ်ပြီး တပ်ခွဲ (၆)ခု ရှိကာ ယခင်က စစ်ကြောင်းမှုးမှာ ဗိုလ်ကျော်သက်ဖြစ်ပြီး လက်ရှိအချိန်တွင် ကိုဇွဲ(ခ)မန်းဇွဲက စစ်ကြောင်းမှူးအဖြစ် ပြောင်းလဲ တာဝန်ယူထားသည်ဟု သိရသည်။
#TachileikNewsAgency
Video : Albino Tiger Column-P29909