စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မြောင်လမ်းခွဲတွင် အထိုင်ချတပ်စွဲနေသည့် စစ်ကောင်စီတပ်စခန်းအား ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ကြောင်း Peacock Drone Team-Myaung မှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ( ၂၉ ) ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
မြင်းမူမြို့နယ် မြောင်လမ်းခွဲတွင် အင်အား ( ၃၅ ) ဦးဖြင့် အထိုင်ချ တပ်စွဲနေသည့် စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာလ (၂၈) ရက်နေ့ နေ့လယ် (၁၂) နာရီခန့်တွင် တော်လှန်ရေးအင်အားစုများက Shar Htoo Waw နည်းပညာသုံး Fixed Wings Drone (၅) စီး ဖြင့် Drop Bomb (၉)လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၅)ဦး ဒဏ်ရာရရှိသည်ဟု သတင်းရရှိကြောင်း Peacock Drone Team-Myaung က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား Peacock Drone Team-Myaung နှင့်အတူ- M.D.F ဒရုန်း ကျားခင်စိန် ၊ STANDARD REVOLUTION FORCE SRF-MMU ၊ စစ်ကိုင်းခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ ၃ ၊ စစ်ကိုင်းခရိုင်အမှတ် ၁ တပ်ရင်း ၊ ငါးဇွန်း အားမာန်သစ် Black Eagleအဖွဲ့နှင့် နယ်မြေခံ PDF များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Video: Peacock Drone Team-Myaung